ထမင်းများများစားခြင်းဖြင့် အိပ်ပျော်စေနိုင်
01-Mar-2017
အိပ်မပျော်ခြင်းနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာဖြစ်ပေါ်နေသူများဟာ ထမင်းများများစားခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ကြောင်း ဂျပန်နိုင်ငံမှ သုတေသန ပညာရှင်များက လေ့လာသုံးသပ်ဖော်ပြထားကြပါတယ်။ ဒါပေမဲ့ ခေါက်ဆွဲနှင့် ဂျုံမှုန့်များ ပါဝင်သောအစားအသောက်များ စားသုံးခြင်းကတော့ အိပ်မပျော်နိုင်သောညများကို ဖြစ်စေနိုင်ပြီး အလုပ်ကြမ်းသမားများအတွက် ပေါင်မုန့်စားသုံးခြင်းမှာလည်း အကျိုးမရှိကြောင်း တင်ပြထားပါတယ် ။
အစားများများစားခြင်းဖြင့် အစာအိမ်နှင့် အူမှ အလျင်အမြန် ချေဖျက်စီးဆင်းစေပြီးသွေးထဲကို သကြားဓာတ်ရောက်ရှိမှု မြန်ဆန်စေပါတယ်။ အချိုဓာတ်ဟာ Tryptophanခေါ်အိပ်ငိုက်စေတဲ့ဓာတ်နှင့် Melatonin ခေါ် အိပ်ချင်စေတဲ့ဟော်မုန်းများ ဦးနှောက်သို့ အလျင်အမြန်ရောက်စေခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်မှုကို ဖြစ်စေပါတယ်။ အစာအိမ်နှင့် အူလမ်းကြောင်းကို အစာအပြည့်စားပေးခြင်းအားဖြင့် ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။
ဒါကြောင့် အိပ်မပျော်သူများအတွက် ညစာစားသောက်ပုံ ပြောင်းပေးခြင်းဖြင့် အိပ်စက်ခြင်းကို အားပေးနိုင်ကြောင်း ဂျပန်ပညာရှင်များက လေ့လာတင်ပြထားပြီး သုတေသနရလဒ်များကို PLOS ONE ဂျာနယ်ကြီးမှာ ဖော်ပြထားပါတယ်။
Credit:
ZIWAKA NOVEMBER 2014
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

